လှိုင်းဘွဲမြို့နယ်အတွင်း နွေရာသီသောက်သုံးရေ ရှားပါးပြတ်လပ်မှုဖြစ်ပေါ်လာပါက ဆက်သွယ် အကူအညီ တောင်းခံနိုင်

လှိုင်းဘွဲ မတ် ၂၀

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နွေရာသီကာလအတွင်း သောက်သုံးရေ ရှားပါးပြတ်လပ်မှုများ ဖြစ်ပေါ်လာပါက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရုံးဖုန်းနံပါတ်၊ ဝန်ထမ်းများ၏ ဖုန်းနံပါတ်များသို့ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ် အကူအညီတောင်းခံနိုင်ပါကြောင်း မြို့နယ် ဦးစီးအရာရှိ ဦးစောအောင်မျိုးမြင့်ထံမှ သိရသည်။

နွေရာသီကာလအတွင်း သောက်သုံးရေပြတ်လပ်မှုများနှင့်ကြုံတွေ့လာပါက မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးစောအောင်မျိုးမြင့် (၀၉-၇၈၄၁၃၄၀၄၆)၊ ဦးစောသင်းစိန် (၀၉-၄၀၂၂၉၂၃၂၅)၊ ဦးဇင်မင်းအောင် (၀၉-၇၆၈၃၄၉၉၆၀)၊ ဦးညီညီဇော် (၀၉-၆၉၁၆၆၉၇၅၄)၊ နန်းခိုင်ခင်ဦး (၀၉-၇၉၀၂၃၉၁၁၄)၊ ဦးဌေးလင်း (၀၉-၇၇၆၃၃၈၀၁၀) များသို့ ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ပါသည်။

လှိုင်းဘွဲမြို့နယ်အတွင်း၌ ကျေးရွာအုပ်စု(၇၁)အုပ်စုနှင့် ကျေးရွာပေါင်း(၃၅၇)ရွာရှိပြီး ကျေးရွာများတွင် သောက်သုံးရေရှားပါးပြတ်လပ်မှုနှင့်ကြုံတွေ့လာပါက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကူညီဆောင်ရွက်နေသကဲ့သို့ လှိုင်းဘွဲမြို့ပေါ်မှ မီးသတ်တပ်ဖွဲ့၊ ရေအလှူရှင်များ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့ကလည်း လှူဒါန်းပေးလျက်ရှိကြောင်း သိရှိရသည်။ 

ခင်စန်းမြင့်(ပြန်/ဆက်)