သရက် ဇန်နဝါရီ ၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက်(၇)နာရီက ဗိုလ်ချုပ်အားကစားကွင်းအတွင်း ဖွင့်လှစ် ထားသော ယာယီဈေးတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကား အသိပညာပေး လက်ကမ်းစာစောင်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ် ချက်၊ လွတ်လပ်ရေး ကြေညာစာတမ်းကောက်နုတ်ချက်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ လွတ်လပ်ရေးဆိုတဲ့အဓိပ္ပါယ်၊ ညီညွတ်ရေးကို ဦးတည်ကြပါ၊ လွတ်လပ်ရေး သစ္စာအဓိဋ္ဌာန် (၉) ချက်နှင့် မြင်းမူ မောင်နိုင်မိုး၏ လွတ်လပ်ရေးအသိ၊ လွတ်လပ်ရေးသတိ ကဗျာ စသည့် အကြောင်းအရာများ ပါဝင်ပြီး ပြည်သူအများ လေ့လာသိရှိနိုင်စေရန် ရည်ရွယ်၍ ဖြန့်ဝေဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)