ရေဦးမြို့နယ်တွင် ဒီဇင်ဘာ ဒုတိယပတ် လူထုစုပေါင်းလမ်းလျှောက် အားကစားပြိုင်ပွဲများကျင်းပ

ရေဦး ဒီဇင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီကဦးစီးကျင်းပသော ၂၀၂၅ ခုနှစ် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၁၃ ရက်နေ့က စုရပ်ဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မင်းရဲကျော်စွာလမ်းမှ ‌မြို့မ စည်ပင်သာယာဈေးလမ်း၊ ထိုမှတဆင့် အလယ်လမ်းမှ ဒီပဲယင်းလမ်းအတိုင်း သတ်မှတ်နေရာအထိ စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။

လမ်းလျှောက်ပွဲသို့ ရေဦးခရိုင်စီမံခန့်ခွဲ‌ ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသူရနှင့်အဖွဲ့၀င်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ၀န်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ၊ ကျောင်းသားကျောင်းသူများ၊  ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ Dancer အဖွဲ့နှင့် အားကစားဝါသနာရှင်များ စုစုပေါင်းအင်အား ၅၀၀ ဦးခန့် လိုက်ပါခဲ့ကြပြီး ပျော်ပျော်ပါးပါးဖြင့် လမ်းလျှောက်ပွဲပါ၀င် ဆင်နွှဲခဲ့ကြသည်။

ထိုသို့လမ်းလျှောက်ပြီးနောက် ခန္ဓာကိုယ်ကျန်းမာသန်စွမ်းစေရေးအတွက် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြသည်။ဆက်လက်ပြီး ပျော်ပွဲရွှင်ပွဲအဖြစ် ဌာနဆိုင်ရာအမျိုးသမီးအသင်းနှင့် ပညာရေးအသင်းတို့က ထုပ်စည်းတိုးပြိုင်ပွဲကိုလည်းကောင်း၊ ဌာနဆိုင်ရာ အမျိုးသားအသင်းနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအသင်း၊ ပြည်ထဲရေးအသင်းနှင့် ပညာရေးအမျိုးသားအသင်းတို့က လွန်ဆွဲပြို င်ပွဲကို လည်းကောင်း ယှဉ်ပြိုင်ကစားခဲ့ကြ‌ကြောင်း သိရသည်။

သန်းသန်း (ရေဦး )