စစ်ကိုင်း ဒီဇင်ဘာ ၁၄
စစ်ကိုင်းမြို့ ရွာထောင်ရပ်ကွက်၊ အိုးဘိုရပ်ရှိ SAGAING CINEMA ရုပ်ရှင်ရုံတွင် ယမန်နေ့နံနက် ၁၁:၂၀ နာရီအချိန်ခန့်က မျက်နှာကျက်သံပန်းအား ဝရိန်ဆော်ရာမှအနီးရှိ အသံလုံ ဆိုးပြားပေါ်သို့ မီးပွား လွင့်စင်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် SAGAING CINEMA ရုပ်ရှင်ရုံရှိ ဆိုဖာထိုင်ခုံ (၃၀၀)လုံး၊ ရုပ်ရှင်ပြစက် (၁)လုံး၊ ပိတ်ကား (၁)ချပ်၊ အဲကွန်း (၆)လုံး၊ ရုပ်ရှင်ပြခန်းရှိ မျက်နှာကျက်နှင့် အသံလုံ ဆိုးပြားများ မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန်၊ ပတ်ဝန်းကျင်နေအိမ်များ ထိခိုက်ဆုံးရှုံးမှု မရှိကြောင်းသိရသည်။
မီးလောင်မှုဖြစ်ပွာရာသို့ စစ်ကိုင်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နေ့လယ် (၁၃:၁၀ )နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)