မြို့သစ် ဒီဇင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၅ နာရီခွဲအချိန်က မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးရှေ့ စုရပ်သက်မှတ်၍ စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။
စုပေါင်းလမ်းလျှောက်ပွဲတွင် မြို့သစ်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်ထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန် ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အားကစားစိတ်ဝင်စားသည့် ပြည်သူများ စုစုပေါင်း ၃၀၀ ဦးက စုရပ်မှ စတင်လမ်းလျှောက်ခဲ့ကြပြီး-မြို့သစ်-တောင်တွင်းကြီးကားလမ်းနှင့် နေပြည်တော်ကံပြား-မကွေးကား လမ်းအဆုံအထိ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး အဆိုပါလမ်းဆုံရှိ စက်သုံးဆီရောင်းဝယ်ရေးဆိုင်ရှေ့၌ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းအတွဲ(၁)၊(၂)ဖြင့်ကိုယ်လက်လှုပ်ရှားဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)