ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်

ဒဂုံတောင် ဒီဇင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်မဲရုံများအဖြစ် ဆောင်ရွက်ထားရှိမည့်နေရာများအား  မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်မီးသတ်ဦးစီးဌာနက ဆောင်ရွက်လျက်ပေးရှိရာ စိုက်မွေး (၁+၂) ရပ်ကွက်နှင့် လေးထောင့်ကန်ရပ်ကွက်တို့တွင်လည်း မန်နေ့နံနက် (၉) နာရီ (၃၀)မိနစ်မှစတင်ကာ  ဆက်လက်ဆောင်ရွက်ကြ‌ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာ၌ လေးထောင့်ကန်နယ်မြေ မီးသတ်စခန်းအပိုင်ဖြစ်သော စိုက်မွေး(၁+၂)ရပ်ကွက်နှင့် လေးထောင့်ကန်ရပ်ကွက်များတွင် နယ်မြေ မီးသတ်စခန်းတာဝန်ခံလက်‌ထောက်မီးသတ်ဦးစီးမှူး ဦးဆန်းဝင်းဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင်နှင့် အရန်တပ်ဖွဲ့ဝင် ဦးတို့က မဲရုံအဖြစ်အသုံးပြုမည့် စာသင်ကျောင်း အဆောက်အဦများတွင် မီးဘေးလုံခြုံရေးနှင့်ပတ်သက်သော ကြိုတင်ကာကွယ်နိုင်ရေး ပစ္စည်းကိရိယာများ ထားသိုမှုအခြေအနေ လျှပ်စစ်မီးသွယ်တန်းသုံးစွဲမှု အခြေအနေများအား စစ်ဆေးဆောင်ရွက်ခြင်း မီးဘေးလုံခြုံရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ရှောင်ရှားရမည့်အချက်များကို တာဝန်ရှိများအား အသိပညာပေး အကြံပြုဆွေး‌နွေး ပြောကြားကြောင်း သိသည်။

နေမျိုးအောင်