ဗဟန်း ဒီဇင်ဘာ ၁၄
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စစ်တုရင် အားကစားနည်းမှ အားကစားသမား(၈)ဦး တို့သည် ယမန်နေ့နံနက် ၆ နာရီတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းလိုင်း (MAI) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှထွက်ခွာသွားရာ အဆိုပါအားကစားအဖွဲ့ကို အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များလိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြောင်းသိရသည်။
အောင်မြင့်(ပြန်/ဆက်)