မင်းကင်း ဒီဇင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် ဒီဇင်ဘာ အားကစားလ ဒုတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၆ နာရီခွဲက မင်းကင်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ စာတိုက်ကုန်းလမ်းထိပ်တွင် စုရပ်ပြု၍ အမှတ်(၃)ရပ်ကွက်၊ ပြည်သူ့အားကစားကွင်းတွင် ၀င်ရောက်ကာ ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများကို စုပေါင်းဆောင်ရွက်ကြသည်။
အဆို ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ၀န်ထမ်းများ ရပ်ကွက်ပြည်သူများ စုစုပေါင်းအင်အား(၃၈၅)ဦးခန့် ပါ၀င်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)