မရမ်းကုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန် MEVM မဲပေးစက်များ ရောက်ရှိနေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး

မရမ်းကုန်း ဒီဇင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ် ၅ ရပ်ကွက်၊ နဂါးရုံဘုရားလမ်းရှိ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနရုံး၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန် MEVM မဲပေးစက်များ installation ပြုလုပ်နေမှု့ကို ယနေ့နံနက်ပိုင်းက မရမ်းကုန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်သက်ခိုင်နှင့်အဖွဲ့ဝင်များမှ လာ‌ရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် လုပ်ငန်းဆောင်ရွက်မှု့ အခြေအနေများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ထွဋ်အောင်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမင်းသူနှင့် အတွင်းရေးမှူး ဒေါ်ရင်နွေဧ တို့မှ ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် မရမ်းကုန်းခရိုင် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်သက်ခိုင်က မဲပေးစက်များ ထားရှိသည့်နေရာတွင် လုံခြုံ‌ရေးစနစ်တကျဆောင်ရွက်ရန်နှင့် မီးဘေးအန္တရာယ် ကင်း‌‌ဝေးစေရေးအတွက် မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ပေါင်းစပ်၍ကြိုတင် ဆောင်ရွက်ထားကြရန်မှာကြားခဲ့ပြီး လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

မောင်အေးချမ်း (ပြန်/ဆက်)