ပေါင်းတည်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန အမေ့ရင်ခွင် မူကြိုကျောင်းတွင် အားကစားပြိုင်ပွဲများကျင်းပ

ပေါင်းတည် ဒီဇင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ အမေ့ရင်ခွင်မူကြိုကျောင်း၌ ယမန်နေ့နံနက်ပိုင်းက ဒီဇင်ဘာ အားကစားလ အထိမ်းအမှတ် မူကြိုကလေးများအား အားကစားပြိုင်ပွဲများကျင်းပပြုလုပ်ပေးခဲ့သည်။

ထိုမူကြိုကလေးများ ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရန် အဆိုပါပျော်ပွဲရွှင်ပွဲ အားကစားပွဲများကို မြို့နယ်အမျိုးသမီးရေးရာအသင်းဥက္ကဋ္ဌ ဒေါ်ခိုင်မာလွင်နှင့် အသင်းသားများက ကြီးမှူးကျင်းပပေးခဲ့ပြီး မုန့်စားပြိုင်ပွဲ၊ အပြေးပြိုင်ပွဲနှင့် အာလူးကောက်ပြိုင်ပွဲများကို ကျင်းပပေးခဲ့ရာ မူကြို ကျောင်းသား၊ ကျောင်းသူလေးများက ပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုလက်ဆောင်ပစ္စည်းများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ရွှေသား(IPRD)