မိုးညိုမြို့နယ်၌ သမဝါယမဦးစီးဌာန နှစ်ပတ်လည်နေ့အကြို အလှူဒါနပြုလုပ်

မိုးညို ဒီဇင်ဘာ ၁၅

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့တွင်ကျရောက်မည့် မြန်မာ့သမဝါယမစတင်ခြင်း (၁၂၁)နှစ်မြောက် သမဝါယမဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် သမဝါယမဦးစီးဌာနရုံး၌ ယနေ့နံနက်ပိုင်းက အလှူဒါန‌ကောင်းမှုကုသိုလ်များ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တောရကျောင်းပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလ ခံယူ‌ဆောက်တည်ကြသည်။ ဆက်လက်၍ ဆရာတော်က ပရိတ်တရား‌တော်များ ရွတ်ဖတ်ပူ‌ဇော်ခြင်းနှင့် တရားတော်များ ဟောကြား‌ချီးမြှင့်တော်မူခဲ့သည်။ ထို့နောက် မိုးညိုမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းအောင်ကျော် ဦးဆောင်၍ သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ၊ သမဝါယမအသင်းစု ဥက္ကဋ္ဌ ဦးတင်မြင့်နှင့် ဝန်ထမ်းများက သံဃာတော်များအား အရုဏ်စွမ်းဆက်ကပ်လှူဒါန်း၍ ဖိတ်ကြားထားသော ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ကြွရောက်လာသူများအား အာဟာရဒါနများ ကျွေးမွေးလှူဒါန်းခဲ့‌ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)