ကံမ ဇန်နဝါရီ ၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ ပြည်သူ့ဆေးရုံတွင် အထူးကြပ်မတ်ဆောင်၌ ဆေးကုသမှု ခံယူနေ သည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၃)ဦး ကျန်းမာရေးကောင်းမွန်၍ ယနေ့ နံနက် ၁၀ နာရီက ဆေးရုံမှ ဆင်းခွင့်ပြု လိုက်ကြောင်း သိရသည်။
ဆေးရုံဆင်းခွင့်ရရှိသူအား သက်ဆိုင်ရာတာဝန်ရှိသူများက ဆေးရုံဆင်းလက်မှတ် ပေးအပ်ခဲ့ပြီး ဆေးရုံဆင်းပြီးနောက် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ပတ်သက်၍ တိကျစွာ လိုက်နာကြရန်မှာ ကြားခဲ့ကြကြောင်း မြို့နယ်ပြည်သူ့ ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသော လူနာမရှိတော့ကြောင်း ကံမမြို့နယ် ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)