အလုံ ဩဂုတ် ၅
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မွေးကင်း စမှစ၍ အသက်(၁) နှစ်ခွဲ အထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းကို သြဂုတ်လ(၁)ရက်နေ့မှ စတင်ကာ မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးရုံးတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ကလေးသူငယ်များနှင့် မိခင်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရန်နှင့် လူစုလူဝေး မဖြစ်စေရန် နေ့စဉ်လူဦးရေ(၅၀)နှုန်းဖြင့် အလှည့်ကျ ဆေးထိုး ဆေးတိုက်လျက်ရှိပြီး ပုံမှန်ကာကွယ်ဆေးတိုက်ကျွေး ရာတွင် မွေးကင်းစမှစ၍ အသက်(၁)နှစ်ခွဲအထိ ကလေးသူငယ်များအား အသက်အရွယ်အလိုက် ဘီစီဂျီ၊ ဆုံဆို့နာ၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)၊ ဦးနှောက် အမြှေးရောင်(ငါးမျိုးစပ်) ကာကွယ်ဆေးများကို ဆေးထိုး၊ဆေးတိုက်ခြင်း များ ဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းကို လစဉ်လဆန်း(၁)ရက်နေ့မှ (၁၀)ရက်နေ့အထိ နံနက် ၈ နာရီခွဲမှ ညနေ ၄ နာရီထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင်တင်ချို ပြန်/ဆက်