ရေဦး ဒီဇင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့ မြို့မရဲတပ်ဖွဲ့စခန်း ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက မော်တော်ယာဉ်ပိုင်ရှင်များ ယာဉ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်းက မော်ဝောာ်ယာဉ်များ တရားမ၀င်ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်းမပြုကြရန်နှင့် နိုင်ငံတော်ကိုအခွန်ပေးဆောင်ပြီး တရား၀င်ပစ္စည်းများကိုသာ သယ်ဆောင်ကြမှသာ ဥပဒေကိုလေးစားလိုက်နာရာရောက်မည်ဖြစ်ကြောင်း၊ နိုင်ငံဝောာ်အနေဖြင့် အများပြည်သူများလူနေမှုအဆင့်အတန်းမြင့်မားစေရေး၊ စီးပွားရေးတိုးတက်ကောင်းမွန်စေရေး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရဲမှူးဟန်၀င်းလှိုင်က နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသတည်ငြိမ်အေးချမ်းစေရေး အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် နိုင်ငံတော်လုံခြုံ ရေးနှင့် မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုက ရေစီအထွေထွေရွေးကောက်ပွဲကို ထိခိုက်စေမည့် အကြောင်းအရာများ ရေးသားခြင်း၊ ရှယ်ပြုလုပ်ခြင်းနှင့် post တင်ခြင်းများ မပြုလုပ်မိစေရန် အထူးဂရုပြုကြရန်လိုအပ်ကြောင်းနှင့် နိုင်ငံရေးအခြေအနေအရ မြို့လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့်မော်တော်ယာဉ်များ အသုံးပြုနိုင်ရေး မော်တော်ယာဉ်ပိုင်ရှင်များဘက်မှ ပူးပေါင်းပါ၀င်ဆောင်ရွက်ပေးမှုကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပြီး ယာဉ်ထိန်းရဲအရာရှိ ဒုရဲအုပ်ကောင်းကျော်ဇင်က ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေပါ ပုဒ်မများနှင့် ပြစ်မှုပြစ်ဒဏ်များ၊ မော်တော်ဆိုင်ကယ်စီးနင်းသူများ လိုက်နာရမည့်အချက်များအပါအ၀င် လမ်းဖြတ်ကူးလျှင် မှတ်သားကျင့်ကြံလုပ်ဆောင်ရမည့် ပညာပေးဆောင်ပုဒ်များ၊ မော်တော်ဆိုင်ကယ် မောင်းနှင်စီးနင်းရာတွင် ရှေ့မီးအနိမ့်ကိုနေ့/ညအချိန်တိုင်းဖွင့်လှစ် မောင်းနှင်ကြရန်၊ မကြာမီ မော်ဝောာ်ယာဉ်လိုင်စင်များ စစ်ဆေးတော့မည်ဖြစ်ကြောင်း၊ အထူးသဖြင့် နံပါတ်ပြားအတု၊ လိုင်စင်အတုပြုလုပ်ထားမှု၊ လိုင်စင်မဲ့ဘုန်းတော်ကြီးကား၊ လူနာတင်မော်တော်ယာဉ်၊ လူမှုကူညီရေးကားများ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်ညီညွတ်မှုရှိမရှိ ကြပ်မတ်စစ်ဆေးသွားမည်ဖြစ်ရာ ဒေသခံပြည်သူများအနေဖြင့် ယာဉ်စည်းကမ်းနှင့်ညီညွတ်စေရေး လိုအပ်သည်များကို ကြိုတင်ဆောင်ရွက်ကြရန် အသိပညာပေး ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဟန်၀င်လှိုင်က တက်ရောက်လာသူများက ယာဉ်စည်းကမ်းနှင့်ပတ်သက်ပြီး မရှင်းလင်းသည့်အချက်များ မေးမြန်းမှုအပေါ် အသေးစိတ်ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်းအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန်းသန်း (ပြန်/ဆက်)