ကျိုက်မရော ဒီဇင်ဘာ ၁၅
ရွေးကောက်ပွဲတွင် နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေးအတွက် ကျိုက်မရောမြို့နယ်အတွင်း လူစည်ကားကာနေရာများနှင့် အခြေခံပညာကျောင်းများ၌ ဒို့အတူတူ မဲပေးကြမယ် လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီက မြို့အဝင်လမ်းဆုံဆိုင်တန်းများနှင့် လူစည်ကားရာ နေများနှင့်ကျောင်းများ၌ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် “ဒီမိုကရေစီခိုင်မြဲဖို့.မဲရုံသွားပြီးမဲပေးစို့၊၊ ဒို့အတူတူ မဲပေးကြမယ်၊ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ “နိုင်ငံဖွံဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူရွေးချယ်ကြပါစို့”စသည့် အကြောင်းအရာများ ပါဝင်သည့်လက်ကမ်းစာစောင် ၁၀၀၀ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)