မာန်အောင် ဒီဇင်ဘာ ၁၅
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ ဒီဇင်ဘာ ၁၅ရက်တွင် ကျရောက်သည့်(၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ဘော်လီဘောပြိုင်ပွဲ၊ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် လွန်ဆွဲပြိုင်ပွဲများကို မြို့မအားကစားကွင်းတွင် စည်ကားသိုက်မြိုက်စွာကျင်းပသည်။
ပြိုင်ပွဲကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းသန်းနှင့်ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အားကစားဝါသနာရှင်များ၊ ပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ပြိုင်ပွဲများတွင် ဆုရရှိသူများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်