သဲကုန်း ဒီဇင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် (ဒီဇင်ဘာလ)အခန်းဆုံးစာမေးပွဲများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယနေ့နံနက်(၉)နာရီအချိန်မှစတင်၍ စစ်ဆေးလျက်ရှိရာ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
သဲကုန်းမြို့နယ်တွင် အခြေခံပညာအထက်တန်း(၁၁)ကျောင်း၊ အလယ်တန်း(၂၀)ကျောင်း၊ မူလွန်(၁၃)ကျောင်း၊ မူလတန်း(၁၆၃)ကျောင်း၊ ဘ/ကဘုန်းတော်ကြီးသင်ကျောင်း (၁)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း(၂)ကျောင်း စုစုပေါင်းကျောင်း(၁၉၇)ကျောင်း ဖွင့်လှစ်လျက်ရှိပြီး အထက်တန်းအဆင့်တွင် ကျောင်းသား/ကျောင်းသူ(၂၃၃၅)ဦး၊ အလယ်တန်းအဆင့်၌ (၃၇၄၆)ဦးနှင့် မူလတန်းအဆင့်တွင် (၁၀၆၇၆)ဦး စုစုပေါင်း ကျောင်းသား/ ကျောင်းသူ(၁၆၇၅၇)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိရာ စာမေးပွဲများဖြေဆိုရာတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဒီဇင်ဘာလ(၁၆)ရက်နေ့မှစတင်၍ တစ်ရက်လျှင် (၂)ဘာသာနှုန်းဖြေဆိုရမည်ဖြစ်ပြီး ဒီဇင်ဘာလ(၁၈)ရက်နေ့အထိ အခန်းဆုံးစစ်ဆေးခြင်း စာမေးပွဲဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
ကိုကျော် (သဲကုန်း)