မိုးညို ဒီဇင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ကျန်းမာရေးအသိပညာမြှင့်တင်ခြင်းလှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များသို့ ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုး ဦးဆောင်မှုဖြင့် ဦးစီးအရာရှိ၊ ကျန်းမာရေးမှူးအဆင့်(၁)နှင့် ကျန်းမာရေးဝန်ထမ်းများက မိုးညိုမြို့၊ သခင်လှရှိန် ရပ်ကွက်အတွင်းရှိ ရပ်ကွက်နေပြည်သူများအား ကျန်းမာရေးနှင့်ညီညွတ်သော ယင်လုံအိမ်သာအကြောင်း အသိပညာပေးပြောကြားခြင်းနှင့် ယင်လုံအိမ်သာများ လိုက်လံကြည့်ရှုစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကိုမင်း(ပြန်/ဆက်)