ရွှေတောင် ဒီဇင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မီးသတ်ဦးစီးဌာနတွင် ဌာန၏လုပ်ငန်းများ အောင်မြင်စွာအကောင်ထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံးတွင် ပြုလုပ်ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူး ဦးသက်ပိုင်ထွန်းမှ မြို့နယ်မီးသတ်ဦးစီးမှူး ရုံးကွပ်ကဲမှုအောက် ရပ်ကွက်/ကျေးရွာ အုပ်စုများရှိ အရန်မီးသတ်ခေါင်းဆောင်များ၊ တပ်ဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ် မီးသတ်စခန်းနှင့် မယားမံနယ်မြေမီးသတ်စခန်းရှိ တပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ ဌာန၏လမ်းညွှန်မှာကြားချက်များ ချပြရှင်းလင်းခြင်း၊ အချင်းချင်းစည်းလုံးညီညွတ်စွာ နေထိုင်နိုင်ရေး၊ အထက်/အောက်အဆင့်ဆင့် လေးစားမှုရှိစေရေး၊ အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ်များတွင် ပူးပေါင်း၊ ပါ၀င်၊ ပတ်သက်မှုမရှိစေရေးနှင့် မီးငြှိမ်းသတ် ယာဉ်/စက်များ ဆီ၊ ရေ၊ လေ၊ ဝိုင် ပြည့်စုံမှု ရှိ/မရှိ နှင့် ကြံ့ခိုင်ကောင်းမွန်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ မီးငြှိမ်းသတ်ရေး ပစ္စည်းကိရိယာများ၊ ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများ အသင့်အနေအထား ရှိ/မရှိ တို့အား ပေါင်းစပ်ညှိနှိုင်းခဲ့ကြောင်း သိရသည်။
ကိုကိုမင်း ( ပြန်/ဆက်)