လှိုင်းဘွဲမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်းသရုပ်ပြပွဲ ကွင်းဆင်းဆောင်ရွက်

လှိုင်းဘွဲ ဒီဇင်ဘာ ၁၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ အထက်ရေပူကျေးရွာရှိ ခရစ်ယာန်ဘာသာရေး စာသင်ကျောင်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်၊ မီးသတ်ဆေးဘူးအသုံးပြုမှု လက်တွေ့သရုပ်ပြခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းများကို ယမန်နေ့မွန်းလွဲ (၂) နာရီက လှိုင်းဘွဲမြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေး ရှောင်ရန်၊ ဆောင်ရန်အချက်များကို မြို့နယ်မီးသတ်စခန်းမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသီဟမြင့်ဆွေက အသိပညာပေးဟော ပြောရှင်းပြခဲ့သည်။  

ထို့နောက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများကို လက်တွေ့သရုပ်ပြသပေးခြင်း၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်း၊ မီးသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်နည်းများ လက်တွေ့သရုပ်ပြသပေးခဲ့ကြကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)