ကျွန်းလှ ဒီဇင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကန့်ဘလူခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်နှင့် တာဝန်ရှိသူများက ကျွန်းလှ-ကန့်ဘလူလမ်းပိုင်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းကို လည်းကောင်း၊ မြေငှားဂရမ်းလျှောက်ထားမှုကိုလည်းကောင်း ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများတွေ့ဆုံပြီး ရွေးကောက်ပွဲအောင်မြင်စွာကျင်းပရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ကြရန်မှာကြားပြီး သီးနှံစိုက်ခင်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို(ပြန်/ဆက်)