ခန္တီးမြို့၌ ဝန်ထမ်းများစာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

ခန္တီး ဒီဇင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဝန်ထမ်းများနိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ ပိုမိုသိရှိနားလည်လာစေရန် ရည်ရွယ်၍ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေစာအုပ်ဖြင့် ဝန်ထမ်းစာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်( ၁၀) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းအေးခိုင်က ဝန်ထမ်းစာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ဒေါ်အေးအေးခန့် ဒုတိယဦးစီးမှူးက နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများစာအုပ် အခန်း(၄) ရာထူးတိုးမြှင့်ခြင်းမှ  ရာထူးတိုးမြှင့်ခြင်းဆိုင်ရာသတ်မှတ်ချက်များ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူတွေ့စစ်ဆေးခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း ဓာတ်ပုံကျွမ်းကျင်-၂ ဒေါ်ဇာဇာလှိုင်းက အရည်အချင်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အရည်အချင်းစစ်ဆေးခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ  သက်ဆိုင်ရာခေါင်းစဉ်အလိုက်တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။

ထိုသို့ ဝန်ထမ်းစာဖတ်ဝိုင်းများကို အပတ်စဉ်ဆောင်ရွက်လျက်ရှိပြီး စာပေချစ်မြတ်နိုးသူ Book Club၊ Youth Club ၊ Women Club အဖွဲ့များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများကိုလည်း ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကမ်းကီး(ပြန်/ဆက်)