ဘားအံမြို့၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ၊ လက်ကမ်းစာစောင်များဖြန့်ဝေ

ဘားအံ ဒီဇင်ဘာ ၁၆

ကရင်ပြည်နယ် ဘားအံမြို့၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပြည်သူတစ်ရပ်လုံး ပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် “ဒို့အတူတူမဲပေးကြမယ်” သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ ညနေပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူတစ်ရပ်လုံး ပါဝင်မဲပေးနိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်၍ အောင်သံလွင်ဘောလုံးအားကစားကွင်းရှေ့ မီးပွိုင့်လမ်းဆုံ၊ ကမ်းနားလမ်းရှိ မြို့မဘောလုံးအားကစားကွင်းရှေ့နှင့် ဘားအံမြို့အဝင် ဆင်လေးကောင်အဝိုင်းရှေ့တို့၌ “ဒို့အတူတူမဲပေးကြမယ်” “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂါတ်ဆီသို့” ဟူသည့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ အရာထမ်း အမှုထမ်းများမှ ‌ပူးပေါင်းဆောင်ရွက်သည့် “ဒို့အတူတူမဲပေးကြမယ်” သတင်စကားလက်ကမ်းစာစောင် (၅၀၀) စောင်အား အောင်သံလွင်ဘောလုံးကွင်းရှေ့ မီးပွိုင့်လမ်းဆုံ၊ ကမ်းနားလမ်းမြို့မဘောလုံးကွင်းရှေ့နှင့်လူစည်ကားရာနေရာများ၌ “ဒို့အတူတူမဲပေးကြမယ်” သတင်းစကားလက်ကမ်းစာစောင်များအား လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)