နတ်မောက် ဒီဇင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း Book Club တို့ပူး ပေါင်း၍စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က လူငယ်များစာပေဖတ်ရှုရာမှ အသိပညာဗဟုသု့တဖွံ့ဖြိုးတိုးတက်စေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ အတွေးအခေါ်များ ရင့်သန်လာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းဝေက စာရေးဆရာမောင်မင်းစိုးရေးသားသည့် “လူငယ်နဲ့အထက်တန်းစားစိတ်ဓာတ်” ခေါင်းစဉ်ပါအကြောင်းအရာများကို ဖတ်ရှုရှင်းလင်းခြင်းနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း(Book Club) ကလည်း မိမိတို့အတွေးအမြင်အသိများကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာပေဝါသနာရှင်များနှင့်ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် လစဥ်စာဖတ်ဝိုင်း ဆွေးနွေးပွဲများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
လှဝင်း