ကျောက်တံခါး ဒီဇင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် အီလက်ထရောနစ်မဲပေးစက် တပ်ဆင်အသုံးပြုခြင်း မွမ်းမံသင်တန်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးမြင့်ဇော်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေး ဦးသိန်းဇော်တို့က အမှာစကားပြောကြားပြီး သင်တန်းမြို့နယ်ကော်မရှင်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်စန်းစန်းစိုးက မဲပေးစက်ကိုင် တာဝန်ကျဝန်ထမ်းများ၏ တာဝန်နှင့်လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးပြီး မဲပေးစက်တပ်ဆင် အသုံးပြုပုံအဆင့်ဆင့်ကို အဖွဲ့လိုက်လက်တွေ့သရုပ်ပြ ရှင်းလင်းပြသသည်။ အဆိုပါသင်တန်းသို့ သင်တန်းသားသင်တန်းသူ (၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)