လှည်းကူးမြို့နယ်၌ နှာခေါင်းစည်း(Mask)တပ်ဆင်ရေး Mask Campaign ဆောင်ရွက်

လှည်းကူး ဇန်နဝါရီ ၁

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ နေအိမ်ပြင်ပ ထွက်ခွာသွားလာသူတိုင်း မဖြစ်မနေ နှာခေါင်းစည်း (Mask) တပ်ဆင်နိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၈)နာရီက လှည်းကူးမြို့နယ်အတွင်း လူစည်ကားရာ နေရာဖြစ်သော  မြိုမဈေးတွင် Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မဖြစ်မနေ နှာခေါင်းစည်း(Mask)များ တပ်ဆင်နိုင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်ဦးဆောင်၍ ကိုဗစ်-၁၉  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး ကော်မတီဝင်များ၊ ဈေးကော်မတီဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ လူမှုရေး အသင်း အဖွဲ့များပူးပေါင်း၍ လှည်းကူးမြို့နယ်အတွင်း လူစည် ကားရာနေရာဖြစ်သော လှည်းကူးမြို့မဈေး အဝင်/အထွက်အပေါက်၌ ကိုဗစ်-၁၉ ကူးစက်ကာလအတွင်း နေအိမ် ပြင်ပထွက်ခွာ သွားလာသူများအား မဖြစ်မနေ နှာခေါင်းစည်း (Mask)များ တပ်ဆင်ပြီးမှ အပြင်ထွက်စေရန်နှင့် ဈေးသူဈေးသားများအား နှာခေါင်းစည်း(Mask)များ တပ်ဆင်ပြီးမှ ဈေးအတွင်းသို့ ဝင်ရောက်စေရန် အသိပညာ ပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နိုင်လင်း(လှည်းကူး)