သုံးခွ ဒီဇင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် တစ်စပ်တစ်ဆက်တည်း ပဲတီစိမ်းဧက(၁၀၀၀)စိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများသို့ မျိုးနှင့်သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်တွင် ကတုံးပေါ်အလယ်ကျေးရွာ တောင်သူဦးမြင့်သန်းလယ်ကွင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဥမ္မာမြင့်က အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထိန်လင်းဟန်က ပဲတီစိမ်းစိုက်ပျိုးမှုနည်းစနစ်မှန်ကန်ရေးပြောကြားခဲ့ပြီး ပဲတီစိမ်းစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများသို့ မျိုးနှင့်သွင်းအားစုများအား တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ်အတွင်းရှိ ၂၀၂၅ ခုနှစ် ပဲတီစိမ်းတစ်စပ်တစ်ဆက်တည်း ဧက(၁၀၀၀)စိုက်ပျိုးမည့် အသင်းသား(၄၈)ဦးထံ မျိုးနှင့်သွင်းအားစုများ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ပေးအပ်ရာတွင် သမဝါယမအသင်းအဆင့်ဆင့်ရှိ အသင်းသားများ လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေရန်နှင့် ဝင်ငွေတိုးပွားလာစေရန် ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်၊၊
စည်သူလင်း (ပြန်/ဆက်)