ကျောက်တံခါး ဒီဇင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မြို့နယ်သမဝါယမအသင်းစုအစီအစဉ်ဖြင့် ဆောင်ရွက်သော ဆောင်းသီးနှံ(မြေပဲ) စိုက်ပျိုးနေမှုအား မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ယမန်နေ့ ကွင်းဆင်းကြည့်ရှုခဲ့သည်။
ထို့သို့ ကွင်းဆင်းကြည့်ရှု့ရာတွင် ဆောင်းသီးနှံ(မြေပဲ)ကို တစ်ဧကလျှင် သုံးသိန်းနှုန်းဖြင့် ညီမျှသော မျိုးနှင့် သွင်းအားစုများ ပံ့ပိုးဆောင်ရွက်လျက်ရှိရာ ခင်ကြီးကျေးရွာအုပ်စု၊ ခင်ကြီးရှမ်းစု စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းလီမိတက်မှ အသင်းသားတောင်သူ ဦးချစ်ဆိုင်၏ စိုက်ပျိုးနေသည့် ဗီယက်နမ်မြေပဲမျိုးများစိုက်ပျိုးနေမှုကို မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေယုဝါလှိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)