ဆိပ်ကြီးခနောင်တို ဒီဇင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၅ခု နှစ်၊ ဒီဇင်ဘာလူထုအားကစားလအားကစားလှုပ်ရှားမှုအဖြစ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်ပေါင်းစုံအလွတ်တန်း (ဖူဆယ်) အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ခနောင်တိုအရှေ့ရပ်ကွက်ရှိ (ဖူဆယ်) ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်သည်။
ဦးစွာ ဖွင့်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်လှိုင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသစ်လွင်က ဘောလုံးပွဲဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲဝင်များက ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး ပထမဆုံးပွဲအဖြစ် ဦးထွန်းအိုရပ်ကွက်အသင်းနှင့် ချောင်းဝိုင်းလေးရပ်ကွက်အသင်းတို့ ယှဥ်ပြိုင်ကစားကြမှုအား ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါရပ်ကွက်ပေါင်းစုံ အလွတ်တန်း (ဖူဆယ်) အမျိုးသားဘောလုံးပြိုင်ပွဲတွင် ရပ်ကွက် ၉ ရပ်ကွက်ကိုယ်စားပြုဘောလုံးအသင်း ၉ သင်းမှ ဒီဇင်ဘာ ၁၉ ရက်နေ့အထိ ပတ်လည်ယှဥ်ပြိုင်ကစားကြမည်ဖြစ်ပြီး ပထမဆု သုံးသိန်းကျပ်၊ ဒုတိယဆု နှစ်သိန်းကျပ်နှင့် တတိယဆု တစ်သိန်းကျပ်အပြင် အကောင်းဆုံးအားကစားသမားဆုများလည်း ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ (ပြန်/ဆက်)