ချောက်မြို့နယ်တွင် သယ်ယူပို့ဆောင်ရေးယာဉ်လိုင်းများအား ကြီးကြပ်စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်

ချောက် ဒီဇင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင် ဝန်ဆောင်မှုကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုတွင် စားသုံးသူများ နစ်နာဆုံးရှုံးမှုမရှိစေရေးနှင့် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးနိုင်ရေး ရည်ရွယ်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးသည် မြို့နယ်မော်တော်ယာဥ်လိုင်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦး​လှအောင်ရွှေနှင့်အတူ ယနေ့နံနက် ၁၀ နာရီ အောင်ဇေယျသယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းအားကြီးကြပ်စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ခရီးသည်များအား လုံခြုံချောမွေ့စွာဖြင့် ပို့ဆောင်ပေးနိုင်ရေး ခရီးသည်ပို့ဆောင်မှုအခြေအနေများ၊ ကုန်စည်တန်ဆာပေးပို့မှုအခြေအနေများနှင့်စပ်လျဉ်း၍ အဝေးပြေးယာဉ်လိုင်းများအား ကြီးကြပ်စစ်ဆေးခဲ့ပြီး အများသုံးသယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်များတွင် ယာဉ်မတော်တဆကိစ္စရပ်များ လျှော့ချနိုင်စေရန် သတ်မှတ်လူဦးရေ ထက်ပိုမိုတင်ဆောင်ခြင်းမပြုရေး၊ ယာဉ်မောင်းများယာဥ် မောင်းစဥ်အရက်သေစာ သောက်စားထားခြင်း မရှိစေရေး၊ ယာဉ်အန္တရာယ်ကင်ရှင်းစေရေး ထုတ်ပြန်ထားသော သက်ဆိုင်ရာဌာနများ၏ စည်းကမ်းချက်များနှင့် အညီလိုက်နာဆောင်ရွက်ရေး အသိပညာပေးခြင်းများနှင့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချောက်မြို့တွင် သယ်ယူပို့ဆောင်ရေးယာဉ်လိုင်း ပေါင်း(၂၀)ရှိပြီး မကွေး၊ မန္တလေး၊ ရန်ကုန်၊ နေပြည်တော်အပြင် ချောက်မြို့ မှမြို့ကြီးများစွာသို့ မော်တော်ယာဥ်လိုင်းများ ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)