သန်လျင်မြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

သန်လျင် ဇန်နဝါရီ ၁

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ရန်ကုန်တိုင်း ဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသ ကြီးဦးစီးမှူး ကွင်ဆင်းစစ်ဆေးခဲ့ကြောင်း ယမန်နေ့ နံနက် ၁၀ နာရီက သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်လင်းသန်းသည် ခရိုင်နှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ နှင့်အတူ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် သန်လျင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီး ရန်ပုံငွေဖြင့် Brighten Earth Co. Ltd က တာဝန်ယူ ဆောင်ရွက်နေသည့် ဖားကူးအရှေ့ကျေးရွာနှင့် BrunoMars Co. Ltd. မှ ဆောင်ရွက်လျက်ရှိ သည့် ကရင်ဆိပ်ကျေးရွာအတွင်း (၄) လက်မ စက်ရေတွင်းတူးဖော်ခြင်း၊ အမြင့်တင်ရေစင်နှင့် ရေစက်ရုံ၊ ရေပိုက်လိုင်း ဆောင်ရွက်မည့်လုပ်ငန်းများနှင့် Phoe Shwe La Co. Ltd က တာဝန်ယူဆောင်ရွက်သည့် ရေသန့်စင်စနစ်လုပ်ငန်း၊ NAN MYOE TAW Co.Ltd.မှ တာဝန်ယူဆောင်ရွက်သည့် လယ်ယာကုန်ထုတ်လမ်း (မြေသား) ဖောက်လုပ်ခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးကာ ကျေးရွာကော်မတီများနှင့်တွေ့ဆုံ၍ လိုအပ်သည်များအား လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီး ဦးစီးမှူးသည် ခရိုင်နှင့် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ တာဝန်ရှိသူ များနှင့် တွေ့ဆုံပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား အရှိန်အဟုန်မပြတ် ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေး စည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)