ရေတာရှည် ဒီဇင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရေတာရှည်မြို့နယ်အတွင်းရှိ မဲရုံများ စနစ်တကျရှိစေရေးနှင့် လိုအပ်ချက်များမရှိစေရေးအတွက် ယနေ့နံနက်ပိုင်း ၉ နာရီမှစတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများက ကွင်းဆင်း၍ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ လိုက်လံကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက မဲရုံပြုလုပ်မည့်နေရာများဖြစ်သော ရေတာရှည်မြို့နယ်အတွင်းရှိ ကျန်သနွယ်၊ ဆိုင်တမော့၊ တောင်နန်ချွန်၊မြောက်နန်ချွန်၊ နတ်ရေတွင်း၊ ဘိုးတော်ကုန်းကျေးရွာများရှိ မဲရုံများခင်းကျင်းထားရှိမှု မှန်၊ မမှန် ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များအား သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများအား မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)