စစ်ကိုင်းမြို့နယ် စားသုံးမှို စိုက်ပျိုး​ထုတ်လုပ်မှု လက်တွေ့ပြုလုပ်ပြသ

ချောင်းဦး ဇန်နဝါရီ ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ကျေးရွာတွင် ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီး ဌာနနှင့် ​စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူး​ပေါင်း၍ စားသုံးမှို စိုက်ပျိုးထုတ်လုပ် လက်တွေ့ ပြုလုပ်ပြသခြင်းကို ယနေ့ နံနက်ပိုင်းက MOHS ၏ လမ်းညွှန်မှုများကို လိုက်နာ၍ ​ဆောင်ရွက်ခဲ့ကြ သည်။

အဆိုပါ စားသုံးမှိုလက်တွေ့ပြုလုပ် စိုက်ပျိုးပြသနည်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်ဦးမှ ကိုဗစ်-၁၉ ကာလ အတွင်း စားသုံးမှို စိုက်ပျိုးထုတ်လုပ်လက်တွေ့ပြသနည်း လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်ကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ​ချောင်းဦးမြို့နယ် စိုက်ပျိုး​ရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးအောင်ဆွေဦးနှင့် လက်ထောက် ဦးစီးမှူး ဦးကျော်သူရထွန်းတို့မှ ခြင်းစနစ်၊ ကျင်းစနစ်ဖြင့် မှိုစိုက်ပျိုးခြင်းသည် ​မြေဧရိယာ ကျဉ်းကျဉ်းတွင် စိုက်ပျိုးနိုင်ပြီး လုပ်​ဆောင်ရလွယ်ကူသောကြောင့် ​ဒေသခံတောင်သူများ အပိုဝင်ငွေရရှိ စေရန် စိုက်ပျိုးသင့် ကြောင်း၊ ကျင်းစနစ်ဖြင့် မှိုစိုက်ပျိုးခြင်းဖြင့် အရင်းအနှီးနည်းနည်းနှင့် အကျိုးအမြတ် ရရှိနိုင်​ကြောင်း၊  အချိန်တိုအတွင်း ခူးဆွတ်နိုင်​သော​ကြောင့် မိသားစုများလည်း စားသုံးနိုင်ခြင်းနှင့် မိသားစု အပိုဝင်ငွေရှာ​ဖွေနိုင်ခြင်း၊ မှိုစိုက်ပျိုးဆွတ်ခူးပြီးသည့် ကုန်ကြမ်းများကို သဘာဝ​မြေသြဇာအဖြစ် ဆက်လက်အသုံးပြုနိုင်​ကြောင်း၊​ ကျေးလက်​ဒေသဖွံ့ဖြိုး​ရေးနှင့် ဆင်းရဲနွမ်းပါးမှု​လျော့ချ​ရေးစီမံကိန်း လုပ်ငန်းစဉ်များတွင် အ​ထောက်အကူပြု​စေရန်နှင့် မသန်စွမ်းသူများလည်း ပါဝင်စိုက်ပျိုးနိုင်ခြင်းဖြစ် ကြောင်း မှိုစိုက်ပျိုးနည်းကို လက်တွေ့ပြုလုပ်ပြသခဲ့သည်။    

အဆိုပါသင်တန်းကို စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး၊ ​ချောင်းဦးမြို့နယ်စိုက်ပျိုး​ရေးဌာနမှ ဝန်ထမ်းများ၊ စစ်ကိုင်းခရိုင် နှင့် စစ်ကိုင်းမြို့နယ် စိုက်ပျိုး​ရေးဝန်ထမ်းများ၊ ရမြင်းဆည်ကျေးရွာရှိ စိတ်ပါဝင်စားသော ဒေသခံ တောင်သူများလည်း လာရောက်လေ့လာခဲ့ကြသည်။

ဝင်းမြင့်အောင်(ပြန်ဆက်)