ညောင်လေးပင် ဒီဇင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ သမဝါယမ စတင်ခြင်း (၁၂၁) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ယမန်နေ့ နံနက် (၈) နာရီမှ ညနေ (၄) နာရီအထိ မြို့နယ်သမဝါယမအသင်းစုပိုင် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်၌ လူသုံးကုန်ပစ္စည်းများအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လျှပ်စစ်ပစ္စည်းများဖြစ်သော ထမင်းပေါင်းအိုး၊ လျှပ်စစ်ရေနွေးအိုး၊ လျှပ်စစ်မီးပူ၊ ပန်ကာ၊ ရေဒီယို၊ ရုပ်မြင်သံကြားတီဗွီ၊ အဝတ်လျှော်စက်၊ ဖုန်းအမျိုးမျိုးနှင့် စသည့်လျှပ်စစ်ပစ္စည်း အမျိုးမျိုးတို့အား (၁၀) ရာခိုင်နှုန်း လျှော့ချ၍ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့သည်။
အဆိုပါ ရောင်းချပေးနေမှုကို မြို့နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)