ကျောက်တံတား ဒီဇင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ရာ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ တပ်ဆင်ပုံအဆင့်ဆင့် သရုပ်ပြသခြင်းနှင့် လက်တွေ့တပ်ဆင်ဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၁၄ ရက်နေ့ နံနက်ပိုင်းက ဆူးလေဘုရားလမ်းရှိ ဟိုတယ်နှင့် ခရီးသွားလာရေးအဆောက်အဦ၌ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ကျောက်တံတားမြို့နယ်တွင် မဲရုံ (၁၉) ရုံရှိရာ မဲရုံများအလိုက်တာဝန်ယူကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) တပ်ဆင်ပုံများကို ကျွမ်းကျင်စွာ တပ်ဆင်နိုင်ရန်အတွက် နည်းပြများနှင့် လက်တွေ့တပ်ဆင်ခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ မဲရုံများတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) များ တပ်ဆင်ပုံသရုပ်ပြခြင်းနှင့် လက်တွေ့ဆောင်ရွက်နေမှုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များက အနီးကပ်ကြီးကြပ်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)