သန်လျင်မြို့နယ်အတွင်းရှိ ရေသန့်စက်ရုံများအားကြည့်ရှုစစ်ဆေး

ရန်ကုန် ဒီဇင်ဘာ ၁

သန်လျင်ခရိုင် သန်လျင်မြို့နယ်အတွင်းရှိ ရေသန့်စက်ရုံများအား ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဝေယံမြင့်ထူး၊ သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်းနှင့် တာဝန်ရှိသူများက ရေသန့်စက်ရုံများ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ သန့်ရှင်းသပ်ရပ်မှု ရှိ/ မရှိ၊ လုပ်ငန်းသစ်နှင့် သက်တမ်းတိုးများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (ပြန်/ဆက်)