ဟုမ္မလင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မူလတန်းကြိုကျောင်းသား‌၊ ကျောင်းသူများ၏ ကာယစွမ်းရည်ပြိုင်ပွဲအခမ်းအနားကျင်းပ

ဟုမ္မလင်း ဒီဇင်ဘာလ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့တွင်၊ လူမှုဝန်ထမ်းဦးစီးဌာန၏ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်၊မူလတန်းကြိုကျောင်းမှကာယစွမ်းရည်ပြိုင်ပွဲနှင့်ဆု‌ ပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က ဟုမ္မလင်းမြို့လူမှုဝန်ထမ်းဦးစီးဌာနတွင် ကျင်းပခဲ့‌ကြောင်း သိရသည်။

ရှေးဦးစွာ၊ ဟုမ္မလင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းသား‌၊ ကျောင်းသူများ၏ ကာယစွမ်းရည်ပြိုင်ပွဲကို အဆိုပါကျောင်းရှိ အားကစားကွင်း၌ ပြိုင်ပွဲများကျင်းပခဲ့ပြီး မူလတန်းကြိုကျောင်းသား‌၊ ကျောင်းသူများက အပြေးပြိုင်ပွဲ၊ ပုံတူထပ်ပြိုင်ပွဲ၊ ဗူးထောင်၊ အင်္ကျီဝတ်၊ အာလူးကောက်၊ ပူဖောင်းခွဲ၊ ခုံလု၊ အိတ်စွပ်ပြေး စသည်ဖြင့် ပြိုင်ပွဲ(၂၁)မျိုးအသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။                  

ယင်းနောက် ကာယပြိုင်ပွဲတွင် ဆုရရှိကြ‌သော ဟုမ္မလင်းမြို့လူမှုဝန်ထမ်းဦးစီးဌာန၏ မူလတန်းကြိုသားငယ်သမီးငယ်များအား လူမှုဝန်ထမ်းဦးစီးဌာနဦးစီးအရာရှိ ဦးလှဆိုင်းနှင့် တာဝန်ရှိသူများက သားငယ်သမီးငယ်များအား ဆုကလပ်နှင့်လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ဟုမ္မလင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မူလတန်းကြို‌ကျောင်းမှ ကျောင်းအုပ်နှင့်ဆရာမများ၊ ကျောင်းသားမိဘများ၊ သားငယ်သမီးငယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)