လသာမြို့နယ်၌ သန့်ရှင်းသပ်ရပ်ရေးနှင့် သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

လသာ ဒီဇင်ဘာ ၁၆

ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့် အမှတ် (၁၀) ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် မြို့မကျောင်းလမ်းထောင့်ရှိ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်ဝင်းအတွင်း သန့်ရှင်းသပ်ရပ်ရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယ‌မန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်ရုံးနှင့် တွဲဘက်ဌာနများ၊ တက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများပါဝင်သည့် စုစုပေါင်းအင်အား (၄၀) ဦးဖြင့် ဆောင်ရွက်ခဲ့ပြီး မြက်ချုံနွယ်များ ရှင်းလင်းခြင်း၊ အမှိုက်များ ဖယ်ရှားရှင်းလင်းခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခပ်ခြင်း၊ “ဖုံး၊ သွန်၊ လဲ၊ စစ်” လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းများမှ ထွက်ရှိလာသော အမှိုက်များကို မြို့နယ်လမ်းနှင့် တံတားဌာနမှ လုပ်ငန်းသုံးယာဉ် 5S-2432 (FORLAND) နှင့် မြို့နယ်သန့်ရှင်းရေးဌာနမှ လုပ်ငန်းသုံးယာဉ် 2J-3362 (TA TA ACE) တို့ဖြင့် တပါတည်းသိမ်းဆည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေလင်း (ပြန်/ဆက်)