မုံရွာ ဒီဇင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်ကြီးကြပ်မှုနှင့်အတူ မုံရွာမြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မော်တော်ယာဉ်များအား စတစ်ကာများကပ်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီ အချိန်က မုံရွာမြို့ ကျောက္ကာလမ်းမကြီး၊ ပြည်သု့ဥယျာဉ်ရှေ့တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မော်တော်ယာဉ်များ အား စတစ်ကာများကပ်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မော်တော်ယာဉ်များအား စတစ်ကာများကပ်ခြင်းတို့ကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့်ဝန်ထမ်းများ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ကျောက္ကာလမ်းပေါ်တွင် သွားလာနေကြသော မော်တော်ယာဉ်များအား စတစ်ကာများ ကပ်ခြင်း၊ ခရီးသွားပြည်သူများအား လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြ ကြောင်းသိရှိရသည်။
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက်ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်မှုများကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်ကြီးကြပ်မှုနှင့်အတူ ခရိုင်အလိုက်၊ မြို့နယ်အလိုက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)