အလုံခရိုင်၊ အလုံမြို့နယ်၌ MEVM မဲပေးစက်များ ထိန်းသိမ်းထားရှိမှုအခြေအနေအား အလုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာ၀န်ရှိသူများမှ မြေပြင်ကွင်းဆင်းစစ်ဆေး

အလုံ ဒီဇင်ဘာ ၁၆

အလုံမြို့နယ်၊ ဌာနာရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်း၊ အလုံမြို့နယ်ရဲတပ်ဖွဲ့ရုံး၌ ယမန်နေ့ နေ့လယ်က MEVM စက် ၉၈ လုံးအား Installation ပြုလုပ်ခြင်း၊ မဲပေးစက်များ ထိန်းသိမ်းထားရှိမှုအခြေအနေအား အလုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာ၀န်ရှိသူများမှ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

၂၈.၁၂.၂၀၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် အလုံမြို့နယ် မဲရုံ (၂၀) အတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM စက် ၉၈ လုံးကို Installation ပြုလုပ်ခြင်း၊ စက်စမ်းသပ်ခြင်းနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးသည့် မဲပေးစက်များ ထိန်းသိမ်းထားရှိမှုအခြေအနေအား အလုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ လိုက်လံပြသခဲ့သည်။

ဆက်လက်၍ အလုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM စက် ၉၈ လုံးအား Installation ပြုလုပ်ခြင်း၊ စက်စမ်းသပ်ခြင်းမှ ရရှိလာသည့် ဆန္ဒမဲလက်မှတ်များနှင့် ရလာဒ်စာရွက်စာတမ်းများအား သက်ဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် မီးရှို့ဖျက်စီးဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ရွှေလုံသား (ပြန်/ဆက်)