လှိုင်းဘွဲ ဒီဇင်ဘာ ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ စိုက်ပျိုးထုတ်လုပ်လျက်ရှိသော သီးနှံများ၏ ပန်းတိုင်အထွက်နှုန်းအပေါ် လွှမ်းမိုးသောအချက်များကို သိရှိစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ကွင်းဝန်ထမ်းများမှ မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်းလမ်းလေးသွယ်ကို အခြေခံ၍ တောင်သူများနှင့် တွေ့ဆုံကာ ဒီဇင်ဘာလ ၁၆ ရက်နေ့မှ စတင်ပြီး ကျေးရွာများသို့ ကွင်းဆင်းစစ်တမ်းများကောက်ယူလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းဝတ်ရည်စမ်းထံမှ သိရသည်။
လှိုင်းဘွဲမြို့နယ်အတွင်း၌ သီးနှံအမယ်စုံ စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ပန်းတိုင်သီးနှံ (၁၀) မျိုး အနက် စပါး၊ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ မတ်ပဲ၊ နေကြာ၊ ပဲစဉ်းငုံ၊ ချက်ကြံသီးနှံများကို စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးထံမှ သိရသည်။
စောဒိ(ပြန်/ဆက်)