ဘီးလင်းမြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

ဘီးလင်း ဒီဇင်ဘာ ၁၆

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကျင်းပသော (ဒုတိယအကြိမ်) ဘီးလင်းမြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဘီးလင်းမြို့ ဘိုးရာဇာရပ်ကွက် သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာအခမ်းအနားသို့ ကြွရောက်တော်မူလာကြသော ဆရာတော်၊ သံဃာတော်များနှင့် တက်ရောက်လာကြသော ဧည့်ပရိသတ်များက  နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ငြိမ်းချမ်းရိပ်မြုံ ဓမ္မာစရိယသင်တန်းကျောင်းတိုက်ဆရာတော် ဥူးကောဝိဒက ရောင်ခြည်တော်ဖွင့်ဂါထာ ရွတ်ဆိုခြင်း၊ ဌက်ပျောတောကျောင်းတိုက်ဆရာတော် ဥူးသုမနသီရိဘိဝံသထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။ ထို့နောက် ဆရာတော်ကြီးများက အဘိဓမ္မာအမွှမ်းဂါထာများရွတ်ဆိုခြင်းနှင့် တက်ရောက်လာသူများက ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

 အဆိုပါ (ဒုတိယ)အကြိမ်မြောက် အသံမစဲမဟာပဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ခြင်း ကို သံဃာတော် အပါး ၅၀ တို့က ဒီဇင်ဘာ ၁၅ ရက်နေ့မှ ၂၃ ရက်နေ့အထိ ၉ ရက်ကြာ အလှည့်ကျ ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)