တိုက်ကြီးမြို့နယ်အတွင်းရှိ ရွေးကောက်ပွဲကျင်းပမည့် မဲရုံများအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

တိုက်ကြီး ဒီဇင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ရွေးကောက်ပွဲကျင်းပမည့် မဲရုံများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး၏ လမ်းညွှန်ချက်အရ ခရိုင်မီးသတ်ဦးစီးမှူး၏ စီမံကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက တိုက်ကြီးမြို့နယ် မြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်၊ ဥက္ကံမြို့ရှိ ရပ်ကွက် ၄ ရပ်ကွက်နှင့် ဘုရားကုန်းကျေးရွာရှိ မဲရုံများသို့ ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ချစ်ထက် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မဲရုံဆောင်ရွက်မည့်နေရာများ၌ မီးသတ်ဆေးဘူးထားရှိမှု ရှိ/မရှိ၊ ထားရှိသောမီးသတ်ဆေးဘူးများ ကောင်းမွန်မှု ရှိ/မရှိနှင့် မဲရုံအနီးပတ်ဝန်းကျင်များတွင် မီးလောင်မှု၊ မီးလန့်မှုမ‌ဖြစ်ပွားစေရေးမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ မီးဘေးလုံခြုံရေး စစ်ဆေးနေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးသန်းထွဋ်အောင်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှုခဲ့ပြီး လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ဆက်)