သနပ်ပင် ဒီဇင်ဘာ ၁၇
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် ကျရောက်မည့် (၁၂၁) ကြိမ်မြောက် မြန်မာ့သမဝါယမစတင်ခြင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ငါးသားပေါက်ထည့်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့၊ မင်းရွာ (ကမာဘာ) ကျေးရွာရှိ တိုးတက်စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းလီမိတက်မှ အတွင်းရေးမှူး ဦးခင်ဇာမောင် ငါးကန်၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ငါးသားပေါက်ထည့်ခြင်းသို့ မြို့နယ်သမဝါယမဦးစီးဌာနမှဦးစီးအရာရှိနှင့် တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမအသင်းစုဝန်ထမ်းများက ငါးသားပေါက်များ မွေးမြူပေးခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)