မိုးညိုမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်‌ထောင်စု လူဦးရေများစာရင်း ကွင်းဆင်းဆောင်ရွက်ပေး

မိုးညို ဒီဇင်ဘာ ၁၇

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဟင်္သာချောင် ကျေးရွာအုပ်စုသို့ ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုးညိုမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးချစ်ကိုကို၏ ကြီးကြပ်မှုဖြင့် ဒုလဝကမှူး ဦးသက်ဇော်ဟိန်းနှင့် ဝန်ထမ်းများက  မိုးညိုမြို့နယ်၊ ဟင်္သာချောင်ကျေးရွာအုပ်စုရှိ ရေချမ်းအိုးကျေးရွာနေ ပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့်  အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူများအား ကျေးရွာအရောက် သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)