ဖြူး ဒီဇင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အ.လ.က(ခွဲ)တပ်တွင်းကျောင်းရှိ ကျောင်းသား/ကျောင်းသူ များအား စာလုံးပေါင်းသတ်ပုံပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၂၁) ဦးက စာလုံးပေါင်း သတ်ပုံပြိုင်ပွဲ အဖြေမှန်များအား ဖြေဆိုကြရာ ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဆုလက်ဆောင်များ ချီးမြှင့်ပေးကြသည်။
ဆက်လက်၍ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နွယ်နွယ်အေးက ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအကြောင်း အသိပညာပေးဟောပြော၍ စာဖတ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)