လိပ်သို ဒီဇင်ဘာ ၁၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ နှစ်ရှည်ပင်ဖြစ်သော အာရေဗီးကား ကော်ဖီပင်များကို စီးပွားဖြစ်စိုက်ပျိုးထားကြရာ ကော်ဖီသီးများ တွင်ကျယ်စွာ ခူးယူရောင်းဝယ်ချိန်တွင် ကော်ဖီစေ့များ ဈေးနှုန်းမြင့်တက်ရရှိလာကြောင်း သိရသည်။
ဒေသတွင်း၌ ကော်ဖီသီးများကို ကြိတ်ခွဲထုတ်လုပ်ရာတွင် ကော်ဖီအစိမ်းသီးများအား ရေစိမ်၍ ရေပေါ်သီးများအား ဖယ်ထုတ်ကာ ရေအောက်မြုပ်နေသည့် ကော်ဖီသီးများကိုပြုတ်ပြီး ထောင်း၍ အခြောက်လှန်းကာ အခွံချွတ်ရသော အိမ်လုပ်ကော်ဖီစေ့ အစိုနည်းဖြင့်လည်းကောင်း၊ ကော်ဖီသီးအခြောက်များကို အခွံချွတ်ပြီး စက်များဖြင့် ကြိတ်ယူသည့် အခြောက်နည်းဖြင့်လည်းကောင်း၊ ကြိတ်ခွဲပြီး ကော်ဖီစေ့များ ထုတ်လုပ်ကြကြောင်း ကော်ဖီစေ့ ကြိတ်ခွဲထုတ်လုပ်သူ ဒေသခံတစ်ဦးထံမှ သိရသည်။
လိပ်သိုမြို့ပေါ်၌ ဒီဇင်ဘာလဆန်းပိုင်းက ကော်ဖီစေ့ တစ်ပိဿာလျှင် (၃၀၀၀ဝိ/-) ကျပ် စျေးရရှိခဲ့ပြီး ယခုဒီဇင်ဘာလလယ်ပိုင်းတွင် ကော်ဖီစေ့ တစ်ပိဿာလျှင် (၃၈၀၀ဝိ/-) ကျပ် စျေးရရှိနေကြောင်း ကော်ဖီစိုက်ပျိုးရောင်းချသူ ဒေသခံတစ်ဦးထံမှ သိရသည်။
နော်ဖလောရင်း (ပြန်/ဆက်)