ဖြူး ဒီဇင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မင်းဂံရိုးကျေးရွာအုပ်စု၊ ဒိုင်းတရာ (တောင်) ကျေးရွာ၌ VDP စီမံကိန်းထောက်ပံ့ငွေဖြင့် ကျောက်ရောမြေ လမ်းခင်းခြင်းလုပ်ငန်းနှင့် ရေသန့်စက် တပ်ဆင်ခြင်းလုပ်ငန်း (၁၀၀) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမူအား ယနေ့နံနက်ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တောင်ငူခရိုင် ဦးစီးမှူးနှင့် ဖြူးမြို့နယ် ဦးစီးမှူးတို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ဒိုင်းတရာ (တောင်) ကျေးရွာ၌ ငွေကျပ် (၁၄၀) သိန်းဖြင့် လမ်းအရှည်(၃၅၄၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မရှိ ကျောက်ရောမြေလမ်းခင်းခြင်း၊ ငွေကျပ်(၁၀)သိန်းဖြင့် ရေသန့်စက် တပ်ဆင်ခြင်းလုပ်ငန်း ပြီးစီးသွားကြောင်းနှင့် ကျေးရွာရှိ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေး၊ အိမ်ခြေ(၁၀၀)အတွက် သန့်ရှင်းသော သောက်သုံးရေအတွက် အကျိုးပြုမည်ဖြစ်ကြောင်း ကျေးရွာဒေသခံများထံမှ သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)