ကျောက်ထုမြို့တွင် ရေဆင်း (၁) စပ်မျိုးနေကြာ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း

ကျောက်ထု  ဇန်နဝါရီ ၂

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသတွင်  ခြေချောင်း ပတ်ဝန်းကျင်နေရာ နုံးတင်မေနုများတွင် ချောင်းရေကို အသုံးပြုလျက် ချောင်းရေများမှတစ်ဆင့် ဟွန်တာရေစုတ်စက်ဖြင့် ရေတင်ပြီးနှုန်းတင်မြေနုများ ဆောင်းနေကြာ ရေဆင်း(၁) စပ်မျိုးနေကြာ ကို စိုက်ပျိုးရာ အောင်မြင် ဖြစ်ထွန်းကြောင်း သိရသည်။

အဆိုပါ နေကြာစိုက်ပျိုးထွန်းယက်ရာတွင် တစ်ဧကလျှင် မြေညှိစက်ဖြင့်ထွန်ယက်ခ တစ်နာရီလျှင် ငွေကျပ်နှစ်သောင်းနှုန်းပေးရ၍ လုပ်ငန်းတွင် ကျယ်မှုလျင်မြန်ကြောင်း တောင်သူတစ်ဦးက ‌ပြောသည်။ ထိုသို့မြေညှိပြီးသော မြေများတွင် သဘာဝမြေဆွေးနှင့် နွားချေးထည့်သွင်း၍ မြေပြုပြင်ဆောင်ရွက်ကြ လျက်ရှိသည်။

ဆောင်းနေကြာများကိုဒီဇင်ဘာလတွင် စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလတွင် ရိတ်သိမ်းကြသည်။  ဆောင်း နေကြာ တစ်ဧကလျှင် တင်းပေါင်း (၄၀) ခန့် ရရှိပြီး နေကြာတစ်တင်းကြိတ်လျှင် ဆီလေး ပိဿာ ရရှိကာ ဆီတစ်ပိဿာလျှင် ဆီဈေးနှုန်း (၅၅၀၀) ကျပ်ဖြင့်လည်းကောင်း၊ နေကြာနှမ်းဖတ် တစ်ပိဿာ လျှင် ငွေကျပ် (၅၀၀)နှုန်းဖြင့် ရောင်းချကြ ကြောင်း ဒေသခံတောင်သူများ၏ ပြောပြချက် အရသိရှိ‌ရသည်။

မောဟေမာန် (ပြန်/ဆက်)