နတ်မောက်မြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်

နတ်မောက် ဒီဇင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကိုယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က အမှတ် (၂) အခြေခပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်သိမ့်သိမ့်မိုး (ဦးစီးအရာရှိ) က ကျောင်းသား/သူများအား အတွေးအခေါ်မှန်ကန်စေရေး၊ အသိပညာ၊ အတက်ပညာဖြင့် ပြည့်စုံသောလူငယ်များ ဖြစ်ပေါ်စေရန်၊ ဗလငါးတန်ဖွံဖြိုးတိုးတက်စေရန်အတွက် ယခုလိုလူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ယနေ့လူငယ်များအား တိုးတက်လာသောခေတ်ရေစီးကြောင်းနှင့်အညီ အင်တာနက်သုံးစွဲမှုများပြားသည့်အလျောက်အကောင်းအဆိုးခွဲခြားတက်စေရန်၊ အယုံမလွယ်မိစေရန်၊ အင်တာနက်မှတစ်ဆင့် ဗဟုသုတများ ရရှိနိုင်သည့်နည်းလမ်းများ၊ စာအုပ်စာပေများသည် မည်မျှပင်ဟောင်းနွမ်းစေကာမှု ပညာဗဟုသုတများစွာရရှိနိုင်သည့်အတွက် လေ့လာဖတ်ရှုကြရန်နှင့် စာဖတ်ခြင်း၏အကျိူးကျေးဇူးများကို ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် နံရံကပ်စာစောင်းများကို ကျောင်းသား/ သူများက စိတ်ဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

လှဝင်း